MNP ၊ ဇူလိုင် ၁၈
တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၅/၂၀၂၃) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး နှင့်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၅/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်၁၀နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲ့မှု အဖွဲ့ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်၍အကြောင်း အမျိုးမျိုးကြောင့်ဆောင်ရွက်ပေးရန်စီမံခန့်ခွဲ၍မရသည်များရှိကြောင်း၊ မြေယာအရေးကိစ္စနှင့်ပတ်သက်၍ဂရုတစိုက် ဆောင်ရွက်ပေးရန်လိုအပ်ပြီး သက်ဆိုင်ရာကော်မတီများအနေဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အပြင်အခြားနည်းသုံးစွဲခွင့်များကိုလည်း လေးနက်စွာဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ပုဇွန်မွေးမြူရေးသင်တန်းများကို ကျောင်းများတွင်ဖွင့်လှစ်သင်ကြားနိုင်ရေး နှင့် ကျယ်ပြန့် စွာသိရှိနိုင်အောင် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပုဇွန်မွေးမြူရေးအနေဖြင့် နိုင်ငံခြားဝင်ငွေရရှိသည့်အထိ အဆင်ပြေလာပြီး အကျိုးအမြတ်ရရှိမှုလည်း များပြားလာကြောင်း၊ မွေးမြူရေးကတဆင့် ကျွမ်းကျင်မှုဖြစ်လာပြီး တိုင်းဒေသကြီး အတွင်းပုဇွန်ကန်အား အနည်းဆုံးကန်(၅၀၀)အထိတိုးချဲ့ရန် စီစဉ်ထားရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပုဇွန်တိုးချဲ့မွေးမြူနိုင်ရေးအတွက် ဆောင်ရွက်ပေးထားသည်များလည်းရှိကြောင်း၊ တက်ရောက် လာသောကော်မတီများအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးဆန်းလင်းဦးက ဆောင်ရွက် ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost






No comments:
Post a Comment