မိုးမောက်မြို့၌ ကျောက်စီရေမြောင်းဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ကြိုတင်ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမောက်မြို့၌ ကျောက်စီရေမြောင်းဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ကြိုတင်ကွင်းဆင်း ဆောင်ရွက်


MNP ၊ ဇူလိုင် ၁၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ကြေးနန်းရပ်ကွက် (ကျောက်စခန်းသွားလမ်း) သို့ ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့၌ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ခရီးစဉ်တွင် တောင်သူများနှင့် တွေ့ဆုံပွဲ၌ တောင်သူများမှ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် လယ် (၃၆၆) ဧကတွင် မိုးရာသီအချိန်၌ စပါးစိုက်ပျိုး နိုင်ရေးနှင့် မိုးရာသီပြီးချိန်တွင်လည်း လယ်ဧက (၃၀၀) ကျော်တွင် နွေစပါး၊ ဆောင်းသီးနှံ၊ သီးထပ် သီးညှပ် အပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် ကျောက်စီ ရေမြောင်းဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြတောင်းခံခဲ့ကြောင်း သိရသည်။


အဆိုပါ တင်ပြတောင်းခံမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဏာနှစ်တွင် ရန်ပုံငွေ ဦးစားပေးတင်ပြတောင်းခံရန် ဖြစ်သော်လည်း သီးထပ်သီးညှပ် စိုက်ပျိုးရေးရာသီ အချိန်မီအပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် (ထွယ်စောမ်) ကုမ္ပဏီမှ ရန်ပုံငွေကျပ် (၂၅.၅၀ သန်း) ဖြင့် ကြိုတင်ဆောင်ရွက် ပေးနိုင်ရန် တာဝန်ပေးချက်အရ မိုးမောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင် ဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ခရိုင်ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် (ထွယ်စောမ်) ကုမ္ပဏီတာဝန်ရှိသူတို့မှ သက်ဆိုင်ရာ ရေမြောင်းဖောက်လုပ်မည့်အနီး ပတ်ဝန်းကျင်ရှိ တောင်သူများနှင့် လုပ်ငန်းဆောင်ရွက် ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ကြိုတင်ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)