သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲပြုလုပ်



MNP ၊ ဇူလိုင် ၁၈

ကရင်ပြည်နယ်၊   သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့  အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ   မိုးလုံလေလုံအားကစားခန်းမတွင်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့နေလယ်(၁)နာရီအချိန် ကပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နော်လိုအေးက နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များကို သိရှိစေရန်၊ အာဇာနည်ခေါင်းဆောင်တို့ကို အစဉ်အမြဲသတိရပြီး မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်၊ တိုင်းပြည်လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့သော ဗိုချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်တို့၏ စိတ်ဓါတ်ကို အတုယူတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ အာဇာနည် နေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများနှင့် အာဇာနည်ခေါင်းဆောင်ကိုးဦး၏ အတ္ထုပ္ပတ္တိများကို အကျယ်တစ်ဝင့်ဆွေး နွေးပြောကြားပြီး အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသူ/ကျောင်းသား(၂၅)ဦးက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


နော်နော်မူ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)