မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ပြေးခုန်ပစ်ပြိုင်ပွဲ၌ အမျိုးသမီး တံခွန်စိုက် ဒုတိယဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ပြေးခုန်ပစ်ပြိုင်ပွဲ၌ အမျိုးသမီး တံခွန်စိုက် ဒုတိယဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ




MNP ၊ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ၌ ကံမမြို့နယ်မှ အမျိုးသမီး တံခွန်စိုက် ဒုတိယဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီက ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ ထူးချွန်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲလင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စိုးမိုးခိုင်က ထူးချွန်အားကစားသမားများအား မိတ်ဆက်ပေးခြင်းနှင့် ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အမျိုးသမီးတံခွန်စိုက် ဒုတိယဆုရရှိခဲ့သည့် ထူးချွန်အားကစားသမားများအား တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


ကျော်ဇေယျဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)