MNP ၊ ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့ အခြေခံပညာအထက်တန်း ကျောင်း(အ-ထ-က၊ကနီ)တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အကြို အခြေခံပညာကျောင်း အဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ကနီမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်မင်းစိုးက အခြေခံပညာကျောင်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းမှာ ကျောင်းသားကျောင်းသူများကို မိမိတို့နိုင်ငံ၏ နေ့ထူးနေမြတ်များကို လေ့လာမှတ်သားသည့် အလေ့အကျင့်များ ရရှိစေလိုခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးပြီး အသိပညာ ဗဟုသုတ ကြွယ်ဝကာ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာအုပ်များကို လေ့လာ ဖတ်မှတ်သည့် အလေ့အကျင့်များ တို့တက်လာစေရေးတို့ကို ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ကျောင်းသားကျောင်းသူများအား ရှင်းလင်းပြောကြားသည်။
အဆိုပါ ပြိုင်ပွဲတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "လေးမြတ်ဂုဏ်ရည် အာဇာနည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင်"သမိုင်းမော်ကွန်းတည်ကိုးဦးအာဇာနည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်ပါးပြိုင်ပွဲတွင် "အာဇာနည်နေ့နှင့်အမျိုးသားရေးတာဝန်" ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ (၉)ဦးတို့ ဝင်ရောက်ဖြေဆိုကြပြီး အလယ်တန်းအဆင့် စာစီစာကု့းပြိုင်ပွဲတွင် "မမေ့စဉ်လာ အာဇာနည်နေ့အချိန်အခါ" ခေါင်စဉ်ဖြင့် လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် "အာဇာနည်မြတ် မမေ့အပ်" ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ (၂၄)ဦး ဝင်ရောက်ဖြေဆိုကာ မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် "တို့များမမေ့နိုင် ၁၉ ဇူလိုင်" ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ (၂၉) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
#MyanmarNationalPost



No comments:
Post a Comment