MNP ၊ ဇူလိုင် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသ များနှင့်ရပ်ကွက်များတွင် ရှေးယခင်က အလေ့ကျပေါက်သောအပင်များနှင့် ဘိုးဘေးဘီဘင်များစိုက်ပျိုးခဲ့သော မန်ကျည်းပင်များသည် ယနေ့သားစဉ်မြေးဆက်အထိ နှစ်စဉ်ဝင်ငွေရနေခြင်းဖြစ်ပြီး ရာသီပေါ် မန်ကျည်းသီးနုများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း မန်ကျည်းသီးနုခူးဆွတ်ရောင်းချသူများထံမှ သိရသည်။
မောက်မယ်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ သစ်ဥ၊ သစ်ဖု၊ မျှစ် ရှာဖွေခူးဆွတ် ရောင်းချသူများသည် ဘိုးစဉ်ဘောင်ဆက် တောတွင်းကိုအမှီပြု၍ ရာသီပေါ်သီးနှံအမျိုးမျိုးကို ရှာဖွေတူးဖော် ဆွတ်ခူးရောင်းချနေသည့် ကျေးရွာများဖြစ်ကြရာ မန်ကျည်းသီးနုများသည် တစ်နှစ်မှာတစ်ကြိမ်သာ ဆွတ်ခူးရောင်းချ၍ရသော နှစ်ရှည်အသီးဖြစ်သော်လည်း ရာသီဥတုအခြေအနေကောင်းလျှင် ကောင်းသကဲ့သို့ အသီးထွက်နှုန်းကောင်း၍ ယခုနှစ်မန်ကျည်းသီးနု ရာသီစာစတင်ထွက်ရှိချိန်တွင် နို့ဆီဗူးတစ်ဗူးကို ၅၀၀ကျပ် ရောင်းရကြောင်း၊ မြို့နယ်စည်ပင်သာယာစျေး ၅ ရက်တစ်စျေးသို့လည်းကောင်း၊ ရပ်ကွက်အတွင်း လှည့်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြကြောင်း မန်ကျည်းသီးနုခူးဆွတ်ရောင်းချသူများထံမှ သိရသည်။
စိုင်းမျိုးသန့်
https://t.me/MyanmarNationalPost
No comments:
Post a Comment