သဲကုန်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးဆောင်ရွက်မှုအား လက်တွေ့ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးဆောင်ရွက်မှုအား လက်တွေ့ပြသ





သဲကုန်း ဇူလိုင် ၁၀

 ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စက်မှုလယ်ယာဦးစီး ဌာန အမှတ် (၉၄) စက်မှုလယ်ယာစခန်း နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုး ခြင်းကို ယမန်နေ့က သဲကုန်းမြို့နယ် ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာ ကွင်းအမှတ်(၉၈၈)ရှိ တောင်သူ ဦးစိုးနိုင်၏ စိုက်ကွင်းတွင်ပြုလုပ်ခဲ့ကြသည်။

 အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုနှင့်ပတ်သတ်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်စိုးအောင်က တောင်သူများအနေဖြင့် စပါးအထွက်နှုန်းကောင်းစေရန်နှင့် သိပ္ပံနည်းကျ စိုက်နည်းစနစ်များကို အသုံးပြုတတ်စေရန်အတွက် ကောက်စိုက်စက်ဖြင့် တောင်သူ ဦး‌စိုးနိုင် အပါတောင်သူ(၈)ဦး၏လယ်မြေ(၁၈)ဧကတွင် ထိုင်းနှံကောက်၊GW-11၊‌‌မှော်ဘီ(၃)နှင့် ရက်(၉၀)စပါးမျိုးများကို စိုက်ပျိုးသွားမည် ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ 

သဲကုန်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးဆောင်ရွက်မှုအားလက်တွေ့ပြသခြင်းကို ပြည်ခရိုင်စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသိန်းဇော်၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးယဉ်ထွေး၊မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှဦးစီးအရာရှိ ဦးမြတ်စိုးအောင်နှင့် ဝန်ထမ်းများ ၊စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ဒေသခံတောင်သူများမှ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုကြောင့်၊ တောင်သူများအနေဖြင့် အလုပ်သမားရှားပါးမှုကို ဖြေရှင်းနိုင်ခြင်း၊ စိုက်ပျိုးခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊  လုပ်ငန်းတွင်ကျယ်၍ပြီးစီးမှုပိုမိုခြင်း၊ ပင်ပွားနှုန်းကောင်းပြီးစပါးအထွက်နှုန်းကောင်းစေခြင်းနှင့် တစ်နေ့ကို (၅)ဧကကျော် စိုက်ပျိုးနိုင်ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။


ကိုကျော်

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)