ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဂူပြောက်ငယ်ဘုရားရှိ အေဒီ ၁၂ ရာစုအစောပိုင်းက ရေးဆွဲထားခဲ့သည့် နံရံပန်းချီလက်ရာများနှင့်ဗိသုကာလက်ရာများကိုလေ့လာနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဂူပြောက်ငယ်ဘုရားရှိ အေဒီ ၁၂ ရာစုအစောပိုင်းက ရေးဆွဲထားခဲ့သည့် နံရံပန်းချီလက်ရာများနှင့်ဗိသုကာလက်ရာများကိုလေ့လာနိုင်






MNP ၊ ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဂူပြောက်ငယ်ဘုရား အတွင်းရှိ အေဒီ ၁၂ ရာစုအစောပိုင်းပိုင်းက ရေးဆွဲထားခဲ့သည့် နံရံဆေးရေး ပန်းချီများနှင့် ဗိသုကာလက်ရာများကိုလေ့လာနိုင်ကြောင်း သိရသည်။


ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ဂူပြောက်ငယ်ဘုရားသည် အာရုံခံအရှေ့ဘက်ဂူဘုရားတစ်ဆူ ဖြစ်ပြီး ရေးဆွဲထားသော နံရံပန်းချီလက်ရာများနှင့်ဗိသုကာလက်ရာအထောက်အ ထားများအရ အေဒီ (၁၂)ရာစုအစောပိုင်းကတည်ဆောက်ခဲ့သည်ဟု ပညာရှင်များက ခန့်မှန်းထားကြောင်း သိရသည်။ယခင်ကအာရုံခံမုခ်အတွင်းတွင် ငါးရာ့ငါးဆယ်ဇာတ်ကွက် များရေဆွဲထားခဲ့ပြီး ဗုဒ္ဓဝင် နံရံဆေးရေးရုပ်ပွားတော်များကို ယနေ့တိုင်တည်ရှိနေသေးပြီး ဘုရားဆောင်အခန်း၊ အပြင်လိုဏ်ပတ်လမ်းနှင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များထားရှိရာ မုခ်ကပ်ချိုင့်များပါရှိသည်။ ဘီးလူးပန်းဆွဲ အစရှိသော အင်္ဂတေပန်းလက်ရာများမှာ ထူးခြား ကောင်းမွန်လှပြီး အပေါ်ပစ္စယာအဆင့်ဆင့်တို့တွင် ထောင့်စိုက်စေတီရံများပါရှိပြီးကွန်း တောင်တည်ဆောက်ပုံမှာ ထူးခြားကောင်းမွန်းကြောင်းတွေ့ရှိနိုင်ပြီး ဂူပြောက်ငယ်ဘုရား တွင်ရေးဆွဲထားသော နံရံပန်းချီလက်ရာများနှင့် ဘုရားတည်ဆောက်ပုံ ဗိသုကာလက်ရာ များကိုလေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ တာဝန်ရှိသူများထံက သိရသည်။


ဂူပြောက်ငယ်ဘုရား၏အရှေ့ဘက်တွင် ဂူပြောက်ကြီးဘုရား(ဝက်ကြီးအင်း)၊ တောင်ဘက်တွင် ဆူးလေးကုန်းဘုရားအစုဝေး၊ ရှင်ဘို့မယ်အုတ်ကျောင်းတိုက်၊ အနောက်ဘက်တွင် အလိုတော် ပြည့်ဘုရား၊ သံဗုဒ္ဓေဘုရား၊ ထီးလိုမင်းလိုဘုရား၊ ရွှေလိပ်တူးဘုရားနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေထဲတွင်  ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများကို လေ့လာနိုင်ကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)