မြင်းခြံမြို့၌ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၏ "လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့၌ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၏ "လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ



MNP ၊ ဇူလိုင် ၂၂

စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၏ "လူငယ်နှင့် အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် (၉:၃၀) နာရီ အချိန်က မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ သည်။


ရှေးဦးစွာ မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်အေးအေးနွဲ့က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ သည်။ ထို့နောက် စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ " လူငယ်နှင့် အကောင်းဆုံး သောဘဝကို တည်ဆောက်ခြင်း " စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ရာ စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းသန်းအောင်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်မောင်အေးနှင့် ဦးဌေးစိုး၊ တက်ရောက်လာသော အထက-ခွဲ(အလင်းရောင်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက  လူငယ်နှင့် စူးစမ်းစိတ်၊ ပညာရေးအစ စာအုပ်များဖြင့် အစပြုပါ၊ အဲဒီကောင်လေး မရှိတော့ ဘူး၊ ရှက်စိတ်၊ ကြောက်စိတ်နဲ့ အောင်စိတ်၊ တာဝန်-လိပ်ပြာသန့်မှု၊ မှားမှာကို မကြောက်ပါနဲ့၊ အမြင်တွေနဲ့ တည်ဆောက်ခြင်း၊ လူမျိုးမြင့်ဖို့ စာဖတ်စို့၊ မုန်လာဥဝါ၊ ကြက်ဥနဲ့ ကော်ဖီနဲ့အမြင် စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


ထို့နောက် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သုတ/ ရသ စာအုပ်စာစောင်များ ပြသထားသော တက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ် နိုးသူများ အသင်း အဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


ကျော်စွာ

https://t.me/MyanmarNationalPost 










No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)