ကျိုက်ထိုမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်




MNP ၊ ဇူလိုင် ၂၂

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင်အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ဇူလိုင် (၂၂) ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်အတွင်းအိမ်တိုင်ရာ ရောက်လိုက်လံထောက်ပံ့ပေးခဲ့သည်။


အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ၊မေ၊ဇွန် ပထမ (၃ )လပတ်အတွက် ကျိုက်ထိုမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး/အဘွားများကို တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် အဘိုး/အဘွား (၅၃၄)  ဦးတို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၁၆၀၂၀၀၀၀/(ကျပ်တစ်ရာ့ခြောက်ဆယ်နှစ်သောင်းတိတိ) အား လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိဒေါ်သီတာလွင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ အဘိုး/အဘွားများထံအိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)