ကျိုင်းတောင်းမြို့ အ.မ.က(ပါဆာ)ကျောင်းသို့ နယ်လှည့်ကွင်းဆင်း ဟောပြောပွဲဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတောင်းမြို့ အ.မ.က(ပါဆာ)ကျောင်းသို့ နယ်လှည့်ကွင်းဆင်း ဟောပြောပွဲဆောင်ရွက်




MNP ၊ ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌  အခြေခံပညာမူလတန်း (ပါဆာ) ကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ ကျောင်းစာများအပြင် ပြင်ပ ဗဟုသုတ အသိပညာများရရှိစေရန်ရည်ရွယ်၍ ယနေ့ နေ့လည်ပိုင်း (၁)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်းဟောပြော ပွဲဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


အဆိုပါ နယ်လှည့်ကွင်းဆင်းဟောပြောပွဲတွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ကျောင်းသားကျောင်းသူများကို စာဖတ်ရခြင်း၏ အကျိုး ကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာများ၊ လူကုန်ကူးမှုအန္တရာယ် သိကောင်း စရာများနှင့် ကျန်းမာရေးဆိုင်ရာသိကောင်းစရာများကို ဗဟုသုအဖြစ် ဟောပြော ဆွေးနွေး ဆောင်ရွက်ခဲ့ပြီး ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို ပြန်လည် ဆွေးနွေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့နောက် အခြေခံပညာမူလတန်း(ပါဆာ)ကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် ဆရာ/ ဆရာမများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


သီဟ

https://t.me/MyanmarNationalPost









No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)