KIA အကြမ်းဖက်အဖွဲ့က ထောင်ထားသော ပြင်းအားမြင့် ကားဗုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

KIA အကြမ်းဖက်အဖွဲ့က ထောင်ထားသော ပြင်းအားမြင့် ကားဗုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီရှင်းလင်း


MNP ၊ ဇူလိုင် ၂၂

လားရှိးမြို၊ ရပ်ကွက်(၆)၊ နယ်မြေ(၁)၊ လမ်းမတော်လမ်းရှိ Sunny ဟိုတယ်ရှေ့တွင် ယနေ့ နံနက်ပိုင်းက မသင်္ကာဖွယ် ကားတစ်စီးရပ်ထားကြောင်း သတင်းရရှိသဖြင့် စစ်ဆေးကြည့်ရှုရာ Mark II (အဖြူရောင်)ပေါ်တွင် (၁) Gas အိုးကြီး ၂ လုံး၊ (၂) ဓာတ်ဆီ ၂ လီတာ၊ (၃) ရေသန့် ၂၀ လီတာ၊ (၄) ဓာတ်ခဲခြောက် ၅ လုံး၊ (၅) ယမ်းနဲ့ သံတိုသံစများထည့်ထားတဲ့ ဟန်းကော ၁ လုံး၊ (၆) ဒီတိုနေတာ ၂ ချောင်း၊ (၇) Remote မိုင်းခွဲစက် ၁ လုံး တို့ဖြင့် ပြင်းအားမြင့် ဗုံးထောင်ထားသည်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ ပြင်းအားမြင့် ချိန်ကိုက်ဗုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီ သက်မဲ့ပြု၍ အများပြည်သူ အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

KIA အကြမ်းဖက်သောင်းကျန်းသူများသည် ဆက်ကြေးပေးဆောင်ခြင်းမရှိသော Hotel, KTV များနှင့် စီးပွားရေးလုပ်ငန်းရှင်များအား မိုင်းဖောက်ခွဲမှုကိုပြသ၍ ကြောက်လန့်စေပြီး ဆက်ကြေးပေးဆောင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ချိန်ကိုက်ဗုံး တပ်ဆင်ထားပုံမှာ ပထမအဆင့် ကားပေါ်မှာတင်ထားတဲ့ ဗုံးကို Remote နဲ့ခွဲ၊ ဒုတိယအဆင့် ကားပေါ်က Gas အိုး ၂ လုံးကို ထပ်မံကွဲစေမယ်၊ တတိယအဆင့် ကားပေါ်တင်ထားတဲ့ ရေနဲ့ ဓာတ်ဆီတွေက Gas ပေါက်ကွဲအားကို Boster လုပ်စေပြီး ကားကိုယ်ထည်တစ်ခုလုံးကို Shrapnel အဖြစ် အဘက်ဘက်ကို လွင့်ထွက်စေမယ့် ပြင်းအားမြင့် ချိန်ကိုက်ဗုံး ဖြစ်ပြီး သက်မဲ့ ပြုလုပ်ပေးခဲ့နိုင်ခြင်းကြောင့် အများပြည်သူ ဘေးအန္တရာယ် မကျရောက်ခဲ့ခြင်း ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)