အမ်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ(၁၀၂၉)သိန်း ထုတ်ချေးပေးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ(၁၀၂၉)သိန်း ထုတ်ချေးပေးပြီးဖြစ်





MNP ၊   ဇူလိုင် ၅

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်း မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ဇူလိုင် ၃ ရက် နေ့လယ်ပိုင်းက  မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


 မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုန်ချေးရာတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာက စိုက်ပျိုးစရိတ်ချေး ငွေများထုတ်ချေးပေးမှုနှင့် ပတ် သက်၍ ချေးငွေထုတ်ယူသည့် တောင်သူများအား  ရှင်းလင်းပြောကြားခဲ့သည်။


 အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို  အမ်း‌တောင်ကျေးရွာ အုပ်စုအတွင်းရှိ  တောင်သူ(၇)ဦးအား တစ်ဧကလျှင် တစ်သိန်းခွဲ နှုန်းဖြင့် စပါးစိုက်ဧက (၂၃)ဧကအတွက် (၃၄၅၀၀၀၀)သိန်း၊‌အောက်ရွာကျေးရွာအုပ်စုအတွင်းရှိ  တောင်သူ(၁၄)ဦးအား တစ်ဧကလျှင် တစ်သိန်းခွဲ နှုန်းဖြင့် စပါးစိုက်ဧက (၃၄)ဧကအတွက် (၅၁၀၀၀၀၀)သိန်း၊ အမ်းမြောက်

ကျေးရွာအုပ်စုအတွင်းရှိ  တောင် သူ(၉၈)ဦးအား တစ်ဧကလျှင် တစ်သိန်းခွဲ နှုန်းဖြင့် စပါးစိုက်ဧက (၂၇၂)ဧကအတွက် (၄၀၈၀၀၀၀၀)သိန်း၊ ဘုတ်ချောင်း ကျေးရွာအုပ်စုအတွင်းရှိ  တောင် သူ(၄၇)ဦးအား တစ်ဧကလျှင် တစ်သိန်းခွဲ နှုန်းဖြင့် စပါးစိုက်ဧက (၉၅)ဧကအတွက် (၁၄၂၅ ၀၀၀၀)သိန်း၊ စခန်းမော်ကျေးရွာ အုပ်စုအတွင်းရှိ  တောင်သိန်း၊ ဦးအား တစ်ဧကလျှင် တစ်သိန်းခွဲ နှုန်းဖြင့် စပါးစိုက်ဧက (၂၆၂) ဧကအတွက် (၃၉၃၀၀၀၀၀)သိန်း၊ စုစုပေါင်း  တောင်သူ(၂၄၄)ဦးအား တစ်ဧကလျှင် တစ်သိန်းခွဲ နှုန်းဖြင့် စပါးစိုက်ဧက (၆၈၆) ဧကအတွက်(၁၀၂၉၀၀၀၀၀) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)