MNP ၊ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းက ဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သဘာပတိကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြေား၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မိဘဆရာအသင်း အလုပ်အမှုဆောင်၏ အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားအတည်ပြုခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိဘဆရာအသင်း အလုပ်အမှုဆောင်နှင့် ကျောင်းအကျိုးဆောင်အဖွဲ့အား အတည်ပြုရွေးချယ် တင်မြောက်ခဲ့ပြီး ပညာရည်ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဂုဏ်ပြုဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment