နမ့်ဆန်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ


MNP ၊   ဇူလိုင် ၇

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဌာနမှ ကျင်းပပြုလုပ်သော သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန့်နေ့မွန်းလွဲပိုင်း(၃)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းခွဲ(ထ.ခွဲ.လ-၁)တွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာကြူက ကျောင်းသား/ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်းများအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြှပ်၊ ရှင်း၊ မှုတ် စကာလုံးအရှည်ကောက် အဓိပ္ပါများကို ရှင်းလင်းခြင်း၊ ရေကန်၊ ရေစည်၊ ရေပုံး၊ ရေအိုး စသည့်ပစ္စည်းများတွင် အဘိတ်ဆေးခတ်ရမည့်အတိုင်း အတာများအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိကိုယ်ကိုယ်၊ မိမိအိမ်ရှိ မိသားစုဝင်များ အိမ်နီးနားချင်းများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်စစ်ဆေးရန် စသည်ဖြင့် ရှင်းလင်းပြောကြားကာ ကျောင်းသား/ကျောင်းသူများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ(ထ.ခွဲ.လ-၁)မှ ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)