MNP ၊ ဇူလိုင် ၇
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့၌(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအနေဖြင့် ရမ်းဗြဲမြို့ အထက(၁)၌ အာဇာနည်နေ့ အကြိုဟောပြောပွဲနှင့် ဆုချီး မြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်က ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ဆရာ၊ဆရာမနှင့် ကျောင်းသား ကျောင်းသူများမှ နိုင်ငံတော်အ လံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး များအားအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းကို ပြိုင်တူ ရွတ်ဆိုပြီး ဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်ပြီး အထက ကျောင်းအုပ်ဆရာကြီး ဦးဝင်းဦးမှ အာဇာနည်နေ့အကြို ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ကျောင်းသား ကျောင်းသူများအား ရှင်းလင်းပြော ကြားခဲ့သည်။ ဆက်လက်ပြီး (အလပြ)ဆရာမ ဒေါ်ခင်ထွေးက တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုပြိုကွဲ၍ မြန်မာနိုင်ငံသည် တိုင်းတပါလက်အောက် သူ့ကျွန်ဘဝ ကျရောက်ခဲ့ရပုံများ၊အာဇာနည်ခေါင်းဆောင်ကြီးများက လွတ်လပ်ရေးကို အသက်နှင့်ရင်း၍ တိုက်ယူခဲ့ရပုံများ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံများကို အသေးစိတ် ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်ပြီး အာဇာနည်နေ့ အကြိုအထိမ်းအမှတ်အဖြစ် ဇူလိုင်လ(၆)ရက်နေ့က ကျင်းပခဲ့သော (ထက်/လယ်/မူ) စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်ပါးပြိုင်ပွဲတွင် (ပထမ၊ဒုတိယ၊တတိယ)ဆုရရှိကြသော ကျောင်းသား ကျောင်းသူများအား မြို့နယ်ပညာရေးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွန်း၊ အထက ကျောင်းအုပ်ဆရာကြီး ဦးဝင်း ဦးနှင့် ဆရာ/ဆရာမများက ဆုအသီးသီးချီးမြှင့်ခဲ့ကြပြီး အဆိုပါ အခမ်းအနားသို့ ကျောင်းသား/သူ (၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်တင်ကြည်
https://t.me/MyanmarNationalPost









No comments:
Post a Comment