MNP ၊ ဇူလိုင် ၇
ရခိုင်ပြည်နယ် ၊စစ်တွေခရိုင်၊ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ယနေ့ နေ့လယ် ၁ နာရီက လူငယ်နှင့် စည်းကမ်းအသိပညာပေး(Talk Show) ပြုလုပ် ကြသည်။
အဆိုပါ ဆွေးနွေးပွဲ (Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်နှင့်ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးတို့က လူငယ်နှင့်စည်းကမ်းခေါင်းစဥ်ဖြင့် အကျယ်တဝင့်ဆွေးနွေးပြောကြားသည်။
ထို့ပြင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေး( Talk Show) အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိပြီး (Talk Show) အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment