MNP ၊ ဇူလိုင် ၂၃
ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနား ကျင်းပမည်ဖြစ်ရာ အခမ်းအနားသို့ ပြည်ပ(၉)နိုင်ငံမှ သံဃာတော်များ ကြွရောက်နိုင်ရန် ဖိတ်ကြားထားကြောင်း သိရသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားသို့ ပြည်တွင်းမှ မဟနဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်း/မြို့နယ် သံဃာ့နာယကများ၊ တိပိဋကဓရဆရာတော်များ၊ သာသနာပိုင်ဆရာတော်များနှင့် မာရဝိဇယ သြဝါဒဆရာတော်များ ပါဝင်သည့် ဆရာတော် /သံဃာတော်များ၊ပြည်ပနိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီယား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ရုရှား၊ သိရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ တရုတ်နိုင်ငံ တို့မှ ဆရာတော် သံဃာတော်များ စုစုပေါင်း သံဃာအပါး( ၉၀၀) အားပင့်ဖိတ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment