စလင်းမြို့နယ် စည်ပင်သာယာ စျေးကြီးအတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးဆိုင်များ ပလတ်စတစ် မသုံးစွဲရေးနေ့ သတ်မှတ်ထားရှိမှုအား စျေးရောင်းချသူ များနှင့် စျေးဝယ်သူများလိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ် စည်ပင်သာယာ စျေးကြီးအတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးဆိုင်များ ပလတ်စတစ် မသုံးစွဲရေးနေ့ သတ်မှတ်ထားရှိမှုအား စျေးရောင်းချသူ များနှင့် စျေးဝယ်သူများလိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး



MNP ၊ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းသက်သာစေရေး ပလတ်စတစ်မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ထားရှိမှုအား ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်သန်းသန်းအေးနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍  မြို့မစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် အသားတန်းနှင့်အသီးအရွက် ငါးရောင်းချသည့် စျေးဆိုင်ခန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ အပတ်စဥ် တနင်္လာနေ့တိုင်း ပလတ်စတစ်မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ထားရှိရာ လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိ စျေးရောင်းချ ထုပ်ပိုးရာတွင် ပလတ်စတစ်အစား မြို့နယ်မှထွက်ရှိသည့် ကြာဖက်နှင့် ငှက်ပျောဖက်များနှင့်အင်ဖက် စက္ကူတို့နှင့် ထုပ်ပိုးရောင်းချခြင်း များအား စစ်ဆေးခဲ့ပြီး ပလတ်စတစ်အိတ်များ အလွန်အကျွံသုံးစွဲ၍ ဘေးထွက်ဆိုးကျိုးများ ရှိစေနိုင်၍ မသုံးစွဲကျရန် ဟောပြောခြင်းများ ပြုလုပ်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။


မောင်လွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)