ယင်းမာပင်မြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရေးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယင်းမာပင်မြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရေးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ


MNP ၊ ဇူလိုင် ၁၈

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရေးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်အေးက အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးနှင့် ရည်မှန်းချက်များ၊ ကြိုးပမ်းဆောင်ရွက်ချက်များ၊ အာဇာနည်ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းသာယာသော တိုင်းပြည် တည်ဆောက်ရေးတို့ကို ပြည်ထောင်စုစိတ်ဓာတ် ပြည့်ပြည့်ဝဝဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပြီး ဗိုလ်ချုပ်တို့ အရယူပေးခဲ့သည့် လွတ်လပ်ရေးကြီးကို ကာကွယ်စောင့်ရှောက် နိုင်ကြစေရန်၊ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်သည့် စိတ်ဓာတ်နှင့် အကျင့်သိက္ခာကို ခံယူအောက်မေ့နိုင်ကြစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲအတွက် “ဒို့များမမေ့နိုင် ၁၉ ဇူလိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများအတွက် “မမေ့စဉ်လာ အာဇာနည်နေ့ အချိန်အခါ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအတွက် “လေးမြတ်ဂုဏ်ရည် အာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း စာစီစာကုံးပြိုင်ပွဲများ ကျင်းပပေးခဲ့ရာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၂၅) ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီးနောက် အလယ်တန်း အဆင့်နှင့် အထက်တန်းအဆင့် ကဗျာရေးပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူ(၁၁)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။  


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)