ဗန်းမောက်မြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမောက်မြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်


MNP ၊ ဇူလိုင် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာရေးဆရာ နတ်သျှင် (ရွှေဂူ) ရေးသားထားသည့် "လူငယ်များကို ပြုစုပျိုးထောင်ပေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ (၁)အချိန်က ဆောင်ရွက်ခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဝန်ထမ်းများအနေဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့်အတွေးအခေါ် ဗဟုသုတများ ရရှိလာစေရန်၊ အမှားအမှန်ဝေဖန် ပိုင်းခြားနိုင်စေရန်နှင့်  အပြန်အလှန် ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန်က  ရှင်းလင်း ပြောကြားခဲ့ပြီး စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားထားသည့် လူငယ်များကို ပြုစုပျိုးထောင် ပေးပါ စာအုပ်ပါ အကြောင်းအရာ များဖြစ်သည့် ကလေး သူငယ်များကို ငယ်စဉ်ကတည်းက ကောင်းသည့်အတွေး၊ ကောင်းသည့်အမူ အကျင့်များအား တွေးခေါ်ပြုလုပ်တတ်စေရန် သင်ကြား ပေးကြရန်လိုကြောင်း၊ ကောင်းသော အမူအကျင့်များကို အတုယူတတ်စေရန်နှင့် ပတ်ဝန်းကျင် ကောင်းကို တန်ဖိုးထားတတ်စေရန်လိုကြောင်း၊ ဘာသာ တရားကို ငယ်စဉ်ကတည်းက သက်ဝင်ယုံကြည်ဆည်းကပ်တတ်သည့် လူငယ်လူရွယ်များဖြစ်အောင် လေ့လာသင်ကြားပေးသင့်ပါကြောင်း၊ စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် အသိပညာ အတတ်ပညာ ဗဟုသုတများကို ရရှိနိုင်သည့်အတွက် စာပေဖတ်ရှုသည့် အလေ့အထကောင်းများကို သင်ကြားပေးကြရန်လိုကြောင်း စသည့် အကြောင်းအရာ များကို ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်လှလှရီက ပုံပြင်ထဲကဓမ္မ သင်ခန်းစာခေါင်းစဉ်ပါ အကြောင်းအရာ များကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဦးရဲအောင်က ကူးစက်တတ်သော အမူအကျင့် ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ပြည့်ဖြိုးကြွယ်က လူငယ်နှင့် မျိုးဆက်အမွေခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ ရုံးအကူ ဒေါ်ချစ်စုငယ်က အမူအကျင့် ဆိုးများခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း အပြန် အလှန် ဆွေးနွေး ဖတ်ကြားခဲ့ကြောင်း သိရသည်။


မေသူ

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)