မြင်းခြံမြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (QGIS) ရေးဆွဲနည်းသင်တန်းဆင်းပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (QGIS) ရေးဆွဲနည်းသင်တန်းဆင်းပွဲ ပြုလုပ်



MNP ၊ ဇူလိုင် ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြင်းခြံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး (QGIS) ရေးဆွဲ နည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြင်းခြံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်ဦးက အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ ထို့နောက် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး (QGIS) ရေးဆွဲနည်းသင်တန်း တက်ရောက်ခဲ့သော မြင်းခြံခရိုင်ရုံး၊ မြင်းခြံမြို့နယ်၊ တောင်သာ မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်ရုံးတို့မှ သင်တန်းသား/ သင်တန်းသူ (၁၀) ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။


"ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်း၊ မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)၊ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP)၊ Cash For Work စီမံကိန်း စသည့်လုပ်ငန်းများအတွက် မိမိတို့ခရိုင်/မြို့နယ်ဆိုင်ရာ မြေပြင် ပထဝီဝင်အချက်အလက်များကို Google Earth အသုံးပြု၍ ကောက်ယူစုဆောင်းသိမ်းဆည်း နိုင်စေရန်နှင့် မိမိတို့ဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၏ အချက်အလက်များ ဘဏ္ဍာနှစ်အလိုက်


ပြုစုထားရှိ ပြီး အချိန်နှင့်တပြေးညီ မှန်ကန်မြန်ဆန်စွာ သိရှိစေနိုင်ရန်ရည်ရွယ်၍ (QGIS) Software ရေးဆွဲနည်း သင်တန်းဖွင့်လှစ် သင်ကြားရခြင်း ဖြစ်ကြောင်း" ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်မာက ပြောသည်။


အဆိုပါ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး (QGIS) ရေးဆွဲနည်းသင်တန်းအား ဇူလိုင်လ (၁၁) ရက်နေ့ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းကာလ (၁၀) ရက်ဖြင့် သင်ကြားခဲ့ကြောင်း သိရသည်။


ကျော်စွာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)