ရမ်းဗြဲမြို့၌ မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်






MNP ၊ ဇူလိုင် ၂၇      

     ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ မြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ ဝန်းကျင်သန့်ရှင်း  သာယာလှပရေးအတွက် ယနေ့နံနက် (၈)နာရီအချိန်က  တပ်မတော်မှ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ တစ်ပြိုင်နက်တည်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။


  ထိုသို့ စုပေါင်းသန့် ရှင်းရေးများဆောင်ရွက်ရာသို့ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်/ဆက်ဦးစီးဌာန၊လဝက၊ သစ်တော၊စည်/ပင်၊တိုင်းရင်းဆေး၊ စာတိုက်၊ လူမှုဝန်ထမ်း၊ကျေးလက်၊လျှပ်စစ်၊ပညာရေး၊စာရင်းစစ်၊ ဆက်သွယ်ရေး၊ မြေစာရင်း၊ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊သ/မ၊ဥပဒေ၊ စီမံကိန်း၊ကော်မရှင်၊ လမ်းဦးစီးဌာနတို့ ပူပေါင်းပြီး  ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားပုထိုးစေတီများ၌  သစ်ကိုင်းသစ်ရွက်များ အမှိုက်များ ချုံနွယ်များ မြက်များကို ခုတ်ထွင်ရှင်းလင်းပြီး အမှိုက်များကိုစနစ်တကျ စွန့်ပစ်ခြင်းများဆောင်ရွက်ခဲ့ကြသည်။ 


     အဆိုပါ ဆောင်ရွက်ရာသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကြီးကြပ်သူ တပ်မတော်အရာရှိဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုအားပေးပြီး  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)