ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ မွေးမြူရေးနှင့်စိုက်ပျိုးရေးတွဲဖက်လုပ်ကိုင်မှု ပိုမိုများပြားလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ မွေးမြူရေးနှင့်စိုက်ပျိုးရေးတွဲဖက်လုပ်ကိုင်မှု ပိုမိုများပြားလာ

 



MNP ၊ ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကျေးလက်တောင်သူများ စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် မွေးမြူရေးနှင့်တွဲဖက်ကာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူပိုမိုများလာခဲ့ကြောင်း ညောင်ဦးမြို့နယ် အရှေ့ဖွားစောကျေးရွာ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရင်း တောင်သူလုပ်ငန်းလုပ်ကိုင်နေသည့် ဦးစိုးဝင်းကပြောကြားသည်။


ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများသည် ယာမြေလုပ်ကိုင်သည့် တောင်သူများ၊ ဥယျာဉ် ခြံမြေလုပ်ကိုင်သည့်‌ တောင်သူများနှင့် ဧရာဝတီမြစ်ရေကျချိန် ကိုင်း၊ ကျွန်းလုပ်ကိုင်သည့် တောင်သူများ အမျိုးမျိုးရှိကြပြီး မွေးမြူရေးလုပ်ငန်းများနှင့်တွဲဖက်လျှက် နွားမွေးမြူ ရေး၊ ဆိတ်မွေးမြူရေး၊ဥစားကြက်မွေးမြူခြင်းများလည်း စီးပွားဖြစ်တွဲဖက်လုပ် ကိုင်လျက်ရှိကြကြောင်း၊ ညောင်ဦးမြို့နယ်အတွင်း ကျေးလက်တောင်သူများသည် နွားမွေးမြူရေးလုပ်ငန်းတွင် စပ်မျိုးနွားများမွေးမြူကြပြီး၊ နွားထီးမွေးလာပါက ခိုင်းနွားအဖြစ် ပြန်လည်ရောင်းစားခြင်းနှင့် နွားမပေါက် လာပါက မျိုးပွားနွားမအဖြစ်ထပ်မံထားရှိကြကြောင်း၊ နွားမွေးမြူရေး၊ ဆိတ်မွေးမြူရေးနှင့် ဥစားကြက်မွေးမြူခြင်းများသည် ကျေးလက်တောင်သူများ မိမိတို့စိုက်ခင်းများအတွက် မြေဩဇာနှင့်မြေဆီမြေနှစ်အဖြစ် နွား‌ချေး၊ ဆိတ်ချေး၊ ကြက်ချေးတို့အား မြေဩဇာအဖြစ်ပြန်လည် အသုံးပြု ခြင်းများနှင့် ပြန်လည်ရောင်းချခြင်းများဖြင့် မွေးမြူရေးနှင့်စိုက်ပျိုးရေးတွဲဖက် လုပ်ကိုင်လာသူ များပြားလာ ခဲ့ကြောင်းသိရသည်။ နွားချေးပြန်လည်ရောင်းချရာတွင် ပုဇဉ်းခေါင်းထော်လာဂျီ တစ်စီး ၃၅၀၀၀ ကျပ်၊ ဆိတ်ချေး ပုဇဉ်းခေါင်းထော်လာဂျီတစ်စီး ၄၅၀၀၀ ကျပ်နှင့် ကြက်ချေး တစ်တင်းခွဲအိတ်တစ်အိတ် ၃၅၀၀ ကျပ်ရောင်းချရကြောင်းသိရသည်။ညောင်ဦးမြို့နယ် တောင်ဘကျေးရွာ၌ နွားမွေးမြူရေး၊ ဆိတ်မွေးမြူရေး၊ ကြက်မွေးမြူရေးနှင့် ဝက်မွေးမြူရေး စီးပွားဖြစ်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်အများအပြား မွေးမြူလုပ်ကိုင်လျက်ရှိကြောင်းလည်းသိရကာ ညောင်ဦးမြို့နယ်၌ မွေးမြူရေးလုပ်ငန်းနှင့်စိုက်ပျိုးရေးလုပ်ငန်းတွဲ ဖက်လုပ်ကိုင် သည့် ကျေးလက်တောင်သူ များပြားလာကြောင်းသိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)