MNP ၊ ဇူလိုင် ၁၄
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်ခြင်းကိုယနေ့ နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ထို့ပြင် ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာမည်ဖြစ်ကြောင်းဟောပြောဆွေးနွေးပြီး ကျောင်းသား၊ကျောင်းသူ များက စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်းတို့ကို ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် အမက (လွန်)ကဒါကမ်းနား ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးဖြူဖြူ က အာဇာနည်နေ့ အတွက် ပုံပြင်ပြော၊ကဗျာရွတ်၊စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် ဟောပြောပွဲများကိုပြုလုပ်ပေးသည့် ဌာန ကို ကျေးဇူးတင်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းခဲ့ပြီး အာဇာနည်နေ့ နှင့်ပတ်သတ်သည့် နံရံကပ်စာစောင်များကိုကြည့်ရှု့ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment