MNP ၊ ဇူလိုင် ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများနှင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ဆရာတော်ကြီးများ၊ လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရာတွင် သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အား သရေစည်သူဘွဲ့ ချီးမြှင့် အပ်နှင်းလိုက်သည်။
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် မှ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒအား နိုင်ငံတော်အစိုးရက စည်သူဘွဲ့ ဆက်ကပ်လိုက်သည်။
စည်သူဘွဲ့ ရရှိသော သံဃာတော် ၂ပါး၊ လူပုဂ္ဂိုလ် ၂ဦး စာရင်းတွင် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊ ဘဒ္ဒန္တခေမာနန္ဒ၊ ဦးမျိုးသန့် (ပြည်ထောင်စုဝန်ကြီး)၊ ဒေါက်တာတိုးတိုး (Structure ပညာရှင်) တို့ ပါဝင်သည်။
#MyanmarNationalPost
No comments:
Post a Comment