ရွှေတောင်မြို့နယ်တွင် စိုက်ပျိုး၊မွေးမြူရေးနှင့် အခြားစီပွားရေး ( ကုန်ထုတ်လုပ်မှု) လုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် စိုက်ပျိုး၊မွေးမြူရေးနှင့် အခြားစီပွားရေး ( ကုန်ထုတ်လုပ်မှု) လုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး






MNP ၊ ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ရွှေတောင်မြို့နယ် အတွင်းရှိ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုး၊မွေးမြူရေးနှင့် အခြားစီပွားရေး ( ကုန်ထုတ်လုပ်မှု) လုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


စိုက်ပျိုး၊မွေးမြူရေးနှင့် အခြားစီပွားရေး (ကုန်ထုတ်လုပ်မှု) လုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ယွန်းတန်းရပ်ကွက် ပိုးစည်းဝမ်းဆက် ရက်လုပ်ခြင်းလုပ်ငန်းနှင့်ဆပ်ပြာဆီလုပ်ငန်းဆောင်ရွက်လုပ်ကိုင်နေမှုအခြေအနေများ၊ ဝက်မွေးမြူရေး လုပ်ကိုင်လျက်ရှိသည့် မင်းတဲကျွန်းကျေးရွာအုပ်စု၊ကြာနီကန်ရပ်ကွက်နှင့် ဝါးလည်ကျေးရွာတို့ရှိ ဝက်မွေးမြူရေးခြံ( ၃)ခြံတို့တွင်ဝက်မွေးမြူထားရှိမှုအခြေအနေများ၊ ကြို့ကုန်းကျေးရွာအုပ်စု ၊ဆည်ကြီးကုန်းကျေးရွာအုပ်စုနှင့် မီးလောင်ကျေးရွာအုပ်စုများရှိ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေများ၊ ထန်းကုန်းကျေးရွာအုပ်စု၊ မအူတိုင်းကျေးရွာရှိ ပျိုးပင်စိုက်ပျိုးရေးလုပ်ကိုင်နေမှုအခြေအနေများ၊ သရက်တောရပ်ကွက်ရှိ ရိုးရာမောင်ချည်ထည်လုပ်ငန်းလုပ်ကိုင်နေမှုအခြေအနေများအားကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်းသိရသည်။


အဆိုပါ လုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊မြို့နယ် စိုက်/ မွေးကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဟံဝင်းအောင်နှင့် သက်ဆိုင်ရာဌာနအကြီးအကဲများမှ လိုက်ပါကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင်အညီ မြို့နယ် စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ရွှေတောင်မြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုး၊မွေးမြူရေးနှင့် အခြားစီပွားရေး (ကုန်ထုတ်လုပ်မှု) လုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျ ကြပ်မတ်၍ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)