ကျောက်တန်းမြို့နယ်၊ နရွဲချောင်ကျေးရွာတွင် အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်၊ နရွဲချောင်ကျေးရွာတွင် အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်လှစ်



MNP ၊   ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာနှစ်တွင် နရွဲချောင်ကျေးရွာအုပ်စု၊ နရွဲချောင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဇူလိုင်လ (၄)ရက် နံနက်(၁၀) နာရီတွင် အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်လှစ်ခဲ့ပါသည်။


အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်မှ သင်တန်းနှင့်ပတ်သက်သည်များအား ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် သင်တန်းနည်းပြမှ သင်တန်းတွင် သင်တန်းသူများလိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသူ ၂၀ ဦးတက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းဆရာ ၂ ဦးမှ နေ့စဥ်နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ စာတွေလက်တွေ့သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလတစ်လခွဲကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)