MNP ၊ ဇူလိုင် ၂၅
ကချင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးလုပ်ငန်းဆပ်ကော်မတီမှကြီးမူး၍ ပိုက်ပြင် ပိုက်ဆက်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု ဂါလိလဲအိုင် ကျေးရွာရှိ “ဂါလိလဲအင်း” လူငယ်ပြုစုပျိုးထောင်ရေး လူမှုအသင်း သင်တန်းကျောင်းရှိ ခန်းမတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဂါလိလဲအင်းလူငယ်ပြုစုပျိုးထောင်ရေး လူမူအသင်းသင်တန်းကျောင်းနာယက ဒေါ်ဒါရှီရွယ်ဂျီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်လှိုင်က အလုပ်ရှင်နှင့်အလုပ်သမားရသင့်ရထိုက်သည့် အခွင့်ရေးဥပဒေများကိုလည်းကောင်း၊ လူမူဖူလုံရေးအဖွဲ့လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မွန်မိုးက လူမူဖူလုံရေးအကျိုးခံစားခွင့်နှင့်ပတ်သက်၍ လည်းကောင်း၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီး ဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်မာပိုတို့က ၎င်းတို့၏ပတ်သက်သည့် ကဏ္ဍအသီးသီးကို ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းကို ဇူလိုင် ၂၄ ရက် မှ ဩဂုတ် ၄ ရက်နေ့အထိ ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပိုက်ပြင်ပိုက်ဆက်သင်တန်းကို သက်ဆိုင်ရာတာဝန်ရှိသူများက စာတွေ့လက်တွေ့ အခမဲ့လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကာ မူးယစ်ဆေးဖြတ်ပြီးသူ အမျိုးသား (၃၀) ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဖြူစင်
https://t.me/MyanmarNationalPost
No comments:
Post a Comment