တောင်ကြီးမြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(မွမ်းမံ)သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(မွမ်းမံ)သင်တန်း ဖွင့်လှစ်





MNP ၊ ဇူလိုင် ၂၅

ရုရှားခရီးသွားများ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့်အခါ ဟိုတယ်များအပိုင်းအနေဖြင့် ပိုမိုကောင်းမွန်ထိရောက်သည့် ဝန်ဆောင်မှုများပေးနိုင်ရေးကို ရည်ရွယ်၍ ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရုရှားဘာသာစကားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး အရှေ့ပိုင်းတိုင်းစစ်ဌာချုပ် နယ်မြေကော်မတီတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့  နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ Royal Taunggyi Hotel ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကားအခြေခံသင်တန်းကို တောင်ကြီးမြို့တွင် သင်တန်းသား(၆၃)ဦးဖြင့် ၂၀၂၃ခုနှစ် မေလ(၁၅)ရက်နေ့မှ (၂၆)ရက်နေ့ထိလည်းကောင်း၊ ကလောမြို့တွင် သင်တန်းသား (၆၇)ဦးဖြင့် ၂၀၂၃ခုနှစ် မေလ(၂၉)ရက်နေ့မှ ဇူလိုင်လ(၉)ရက်နေ့အထိလည်းကောင်း ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်းသင်တန်းသား(၁၃၀)ဦး ရုရှားဘာသာစကား(အခြေခံ)ကို သင်ကြားပေးနိုင်ခဲ့ပါကြောင်း ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းများသည် အခြေခံသင်တန်းဖြစ်သည့်အတွက် သင်တန်းကာလတိုတောင်းခြင်းကြောင့် အခြေခံသာ သင်ကြားပေးနိုင်ခဲ့ပြီး ရုရှားဘာသာစကားကို ပိုမိုနားလည်တတ်ကျွမ်းလိုသည့် သင်တန်းသားများအတွက် ယခုသင်တန်းတွင် ဟိုတယ်လုပ်ငန်းသုံးဝေါဟာရနှင့် စကားပြောများကို (ရေး၊ ဖတ်၊ ပြော) သင်ကြားရုံသာမက အခြေခံသဒ္ဒါနှင့် ဝါကျတိုများတည်ဆောက်ခြင်း၊ ဂဏန်းသင်္ချာနှင့် ငွေကြေးဆိုင်ရာအသုံးအနှုန်းများ၊ ရုရှားစကား အပြန်အလှန် ပြောဆိုလေ့ကျင့်ခြင်း၊ ရုရှားလူမျိုးများ၏ အလေ့အကျင့်နှင့် အကျင့်စရိုက်များကိုပါ ထည့်သွင်းသင်ကြားပေးမည်ကို သိရသည့်အတွက် သင်တန်းများအနေဖြင့် ရုရှားဘာသာစကားကို နောက်တစ်ဆင့် ပို၍ သင်ကြားနိုင်မည်ဟု ထင်မြင်မိပါကြောင်း၊ အချိန်ကာလအားဖြင့် အခြေခံအဆင့်တွင် (၂)ပတ်သာကြာမြင့်သော်လည်း ယခုမွမ်းမံအဆင့်တွင် (၄)ပတ်ကြာမြင့်မှာဖြစ်သည့်အတွက် ဘာသာရပ် ပိုမိုအချိန်ကြာမြင့်စွာ ထိတွေ့ရမှာဖြစ်ကြောင်း၊ ရုရှားဘာသာစကားကို အခြေခံအဆင့်မှ မွမ်းမံအဆင့်သင်တန်းကို တက်ရောက်ပြီးချိန်တွင် ယခုသင်တန်းသားများသည် ရုရှားဧည့်သည်များနှင့်ပတ်သက်ပြီး နားလည်နိုင်စွမ်းနှင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို ပေးနိုင်ရေးအတွက် ယခုလို ဟိုတယ်လုပ်ငန်းသုံး ရုရှားဘာသာစကား(မွမ်းမံ)သင်တန်းကို ထပ်မံဖွင့်လှစ်ဆောင်ရွက်ပေးရခြင်းနှင့် သင်တန်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသည့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ တောင်ကြီးရုံးနှင့် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ(ဟိုပုံး)တို့ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပြီး သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်၍ သင်တန်းကာလ(၁)လကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။


မောင်မောင်သန်း (တောင်ကြီး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)