MNP ၊ ဇူလိုင် ၁၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း(ကောင်ရာ)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ကောင်ရာ) ကျောင်းအုပ်ဆရာမကြီးဒေါ်နူးဂျန်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မံစီမြို့နယ်ဦးစီးအရာရှိဒေါ်မြသက်ဦးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ လူငယ်များအသိဉာဏ်ဗဟုသုတများပိုမိုရရှိလာရေးနှင့် စကားပြောအတတ်ပညာ ပိုမိုကျွမ်းကျင်လာပြီး လူအများရှေ့တွင် စကားကိုရဲဝံ့စွာပြောဆိုတတ်လာမည့်အပြင် လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေးစသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မံစီမြို့နယ်ဦးစီးအရာရှိဒေါ်မြသက်ဦးက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အခြေခံပညာအလယ်တန်းကျောင်း(ကောင်ရာ)မှ ကျောင်းသားကျောင်းသူများဖြစ်ကြသည့် မောင်လရှီးထန်းလာက စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ မောင်အံ့ဘုန်းဇင်က ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ မမွန်းဆိုင်းလုံက ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မဂျာဆိုင်းမိုင်က ယာဉ်စည်းကမ်း လမ်းစည်းကမ်း မခိုင်နှင်းလဲ့လဲ့ထွန်းက လူငယ်နှင့်မူးယစ်ဆေးဝါးစသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများနှင့် အပြန်အလှန်မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment