ကျုံပျော်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်


MNP ၊ ဇူလိုင် ၁၀

ကျောင်းသား လူငယ်များ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို မှတ်သားသိရှိနိုင်စေရန်အတွက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ဇူလိုင် ၁၀ နံနက် (၁၀)နာရီက ပြုလုပ်သည်။


ရှေးဦးစွာ ဒုတိယမြို့နယ် ပညာရေးမှူး ဦးစိုးနိုင်က ဟောပြောပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊  အ.ထ.က(၂)မှ ဒုတိယ အလယ်တန်းပြ ဆရာမ ဒေါ်စန်းသီတာဦးက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးချစ်စိတ်နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအကျဉ်းချုပ်အား ဟောပြောခဲ့သည်။ ထို့နောက် ဟောပြောပွဲ တက်ရောက်လာသူများက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများအား လေ့လာကြည့်ရှုခဲ့ကြသည်။


အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဝေလှိုင်နှင့် ဆရာ၊ ဆရာမများ၊ အလယ်တန်းကျောင်းသား ကျောင်းသူ(၃၁၇)ဦးတို့ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။


လပြည့်ဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment