အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများအား သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်အသီးသီး ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများအား သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်အသီးသီး ချမှတ်


MNP ၊ ဇူလိုင် ၂၈

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့နှင့် ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုနောက်တွင် လိုက်ပါပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေကြသည့် အကြမ်းဖက်သမားများ၊ အကြမ်းဖက်လှုံ့ဆော်သူများကို ယမန်နေ့က သက်ဆိုင်ရာ မြို့နယ်များတွင် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်၊ ပေချောင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့ထံတွင်  သင်တန်းတက်ရောက်ရန် ပေချောင်ကျေးရွာရှိ လူငယ်များအား စည်းရုံးလှုဆော်ခဲ့သူ တရားခံ ဝင်ဇော်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ ထန်းတောအင်းစပ်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့ထံသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများကို သတင်းပေးတစ်ဦးနှင့် ခင်မင်ရင်းနှီးကာ ၎င်း၏ စေခိုင်းချက်အရ ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းထားသည့် နေရာအား သွားရောက်ကြည့်ပေးခဲ့သူ တရားခံ လှိုင်ထွန်းအောင်(ခ) ပသိုင်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

အရာတော်မြို့နယ်၊ ကမ်းဖြူကျေးရွာ ဇာတိဖြစ်ပြီး ခန္တီးမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တည်ခိုးခန်း တစ်ခုတွင် လက်နက်၊ ခဲယမ်း နှင့်အတူ ဖမ်းဆီးရမိသူ တရားခံ အေးမြင့်မိုရ် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)အရ အလုပ်နှင့် ထောင်ဒဏ်(၁၂)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၃)နှစ် (သီးခြားစီ) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

အရာတော်မြို့နယ်၊ လှည်းချောင်းကျေးရွာ ဇာတိဖြစ်ပြီး ခန္တီးမြို့နယ်အတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တည်ခိုးခန်း တစ်ခုတွင် လက်နက်၊ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူ တရားခံ ဟိန်းစိုးအောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)အရ အလုပ်နှင့် ထောင်ဒဏ်(၁၂)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၃)နှစ် (သီးခြားစီ) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၊ ခဲနန်းကျေးရွာ ဇာတိဖြစ်ပြီး ခန္တီးမြိုနယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တည်ခိုးခန်းတစ်ခုတွင် လက်နက်၊ ခဲယမ်းများ နှင့်အတူ ဖမ်းဆီးရမိသူ တရားခံ တင်စိုး(ခ)ညီညီနိုင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)အရ အလုပ်နှင့် ထောင်ဒဏ်(၁၂)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၃)နှစ် (သီးခြားစီ) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက် ဇာတိဖြစ်ပြီး ခန္တီးမြိုနယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တည်ခိုးခန်း တစ်ခုတွင် လက်နက်၊ ခဲယမ်းများ နှင့်အတူ ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ လက်နက်၊ ခဲယမ်းများအား လှေ(၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိသူ တရားခံ ကျော်ဌေးဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)အရ အလုပ်နှင့် ထောင်ဒဏ်(၁၂)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ဆားတောင်မြို့၊ ပင်းသင်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အလုပ်ကိစ္စဖြင့် ဝက်လက်မြို့သို့ သွားရောက်စဉ် PDF အကြမ်းဖက်သမားထံသို ငွေကြေးများ ထောက်ပံ့ပေးခဲ့ခြင်း၊ ဆက်သွယ်ခြင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ သတင်းအား တာဝန်ရှိသူများထံ သတင်းပေးရန် ပျက်ကွက်ခဲ့သူ တရားခံ ဟန်လင်းဇော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်များထံတွင် သင်းတန်းတက်ရောက်ခဲ့သူ တရားခံ အောင်ခန့်ကျော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ရွှေတော်ကြီးကျေးရွာ ဇာတိဖြစ်ပြီး မန္တလေးဘက်မှ ကန့်ဘလူမြို့ဘက် ပြေးဆွဲနေသည့် မှန်လုံယာဉ်ငယ်ပေါ်တွင် လက်နက်၊ ခဲယမ်းများနှင့်အတူ  စစ်ကိုင်းမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခြင်းနှင့် PDFအကြမ်းဖက်စခန်းများတွင် သင်တန်းပိုချပေးခြင်းများ ပြုလုပ်ခဲ့သူ တရားခံ စောမင်းမင်းဦး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ရွှေတော်ကြီးကျေးရွာ ဇာတိဖြစ်ပြီး မန္တလေးဘက်မှ ကန့်ဘလူမြို့ဘက် ပြေးဆွဲနေသည့် မှန်လုံယာဉ်ငယ်ပေါ်တွင် လက်နက်၊ ခဲယမ်းများနှင့်အတူ  စစ်ကိုင်းမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခြင်းနှင့် PDF အကြမ်းဖက်စခန်းများတွင် သင်တန်းပိုချပေးခြင်းများ ပြုလုပ်ခဲ့သူ တရားခံ ရဲရင့်အောင်အား အကြမ်းဖက် ဥပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်(တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို၊ ရွှေတော်ကြီးကျေးရွာ ဇာတိဖြစ်ပြီး မန္တလေးဘက်မှ ကန့်ဘလူမြို့ဘက် ပြေးဆွဲနေသည့် မှန်လုံယာဉ်ငယ်ပေါ်တွင် လက်နက်၊ ခဲယမ်းများနှင့်အတူ  စစ်ကိုင်းမြို ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခြင်းနှင့် PDFအကြမ်းဖက်စခန်းများတွင် သင်တန်းပိုချပေးခြင်းများ ပြုလုပ်ခဲ့သူ တရားခံ ဇေယျာလင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာ ဇာတိဖြစ်ပြီး စစ်ကိုင်းမြို့ပေါ်တွင် PDF  အကြမ်းဖက် အဖွဲဝင်ဖြစ်ကြောင်း အထောက်အထားများနှင့် အတူ ဖမ်းဆီးရမိသူ တရားခံ မြင့်သူ အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ ရွှေမင်ဝံရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့ခြင်း၊  လူမှုကွန်ရက်စာမျက်နှာပေါ်တွင် PDFအကြမ်းဖက်သမားများနှင့် ဆက်သွယ်၍ အကြမ်းဖက်ဖောက်ခွဲမှု အခြေအနေများအား မေးမြန်းထားကြောင်း အထောက်အထားများနှင့်အတူ ဖမ်းဆီးရမိသူ တရားခံ သန့်ဇင်ဝင်း(ခ) ဆိုးခါး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်၊ သာစည်လေးကျေးရွာတွင် နေထိုင်လျက်ရှိပြီး  ဒေသအတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ခဲ့သူ PDF အကြမ်းဖက်အဖွဲhဝင် တစ်ဦးဖြစ်သူ တရားခံ ရန်လင်းအောင် အား အကြမ်းဖက်မှုတိုက်ဖက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မြိုင်မြို့နယ်၊ တွင်းမကျေးရွာတွင် နေထိုင်လျက်ရှိပြီး NUG/PDF/CRPH အကြမ်းဖက်အဖွဲ့များ ထံသို ငွေကြေးများ ကောက်ခံ၍ ထောက်ပံ့ခဲ့သူ တရားခံ ဌေးစုဇော်အား အကြမ်းဖက် ဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၅)နှစ် ကျခံစေရန် ချမှတ် လိုက်ကြောင်း သိရသည်။

မြိင်မြို့နယ်၊ ဒေါင်းအိုကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး NUG အကြမ်းဖက်အဖွဲ့မှ တရားမဝင် ဖွင့်လှစ်သည့် စာသင်ကျောင်း၌ အသုံးပြုမည့် စာရေးကိရိယာများ ထောက်ပံ့ပေးခဲ့သူ တရားခံ ဇေယျာမောင်အား အကြမ်းဖက် ဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၅)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)