PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိ


MNP ၊ ဇူလိုင် ၂၈

ညောင်ရွှေမြို့နယ်တွင် PDF အကြမ်းဖက်သမားများက လက်နက်များသယ်ဆောင်လာကြောင်း သတင်းအရ စောင့်ဖမ်းခဲ့ရာ ၂၃-၇-၂၀၂၃ ရက်နေ့ က အကြမ်းဖက်သမားများ သယ်ဆောင်လာသော လက်နက်ခဲယမ်း အမြောက်အများကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးမှု ဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမား ၁ဦးကို အသေဖမ်းဆီးရမိပြီး  M-16 ပုံစံ တစ်ထောင့်ထိုးသေနတ် ၃၆ လက်၊ SIGSAUER အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ LUGER ကျည် ၆ တောင့်၊ ၅.၅၆ မမကျည် ၂၀၆၉ တောင့်၊ ကျည်အိမ် ၃၆ ခု၊ ပြောက်ကျားယူနီဖောင်း ၂၀ စုံ၊ ပြောက်ကျားဦးထုပ် ၁၉ လုံး၊ SSDF တံဆိပ် ၁ ခု၊ PDF လက်မောင်းတံဆိပ် ၁၂ စုံ၊ ရင်း(၁၀၀၃)လက်မောင်းတံဆိပ် ၂၃ ခု၊ PDF အလံတံဆိပ် ၂၀ ခု၊ SOUTHERN SHAN DRONE FORCE ရင်ဘတ်တံဆိပ် ၁ ခု နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ရင်ဘတ်တံဆိပ် ၁ ခု၊ ယာဉ်အမှတ် 4J-8818 SURF မော်တော်ယာဉ် ၁ စီး တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့သည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများအား ဥပဒေဘောင်အတွင်း ဝင်ရောက်ရန် နိုင်ငံတော်အစိုးရမှ လမ်းဖွင့်ပေးထားသော်လည်း PDF အကြမ်းဖက်သမားများမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ရန် ကြိုးပမ်းနေကြဆဲဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)