ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ


MNP ၊   ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ သာအေးဒေါင့်ကျေးရွာအုပ်စု၊ သာအေးဒေါင့်ကျေးရွာ၊ သီတာရုံကျောင်းတိုက်တွင် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။


တွေ့ဆုံ‌ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှုမရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ ကျန်းမာရေးဆိုင်ရာများ၊ ပညာရေးဆိုင်ရာများ၊ ကျေးရွာသန့်ရှင်းရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ဆိုင်ရာများ၊ စိုက်ပျိုးရေးဆိုင်ရာများ၊ ကျေးရွာလမ်းဆောင်ရွက်မှုများစသည့် လုပ်ငန်း ကိစ္စရပ် အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာ ကြသည့်ပြည်သူများက သိရှိလိုသည်များအား မေးမြန်းရာ သက်ဆိုင်ရာဌာနအလိုက် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။


အဆိုပါ တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူး ရဲမှူး အောင်နိုင်ဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်း ဦးရေ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ ကြကြောင်း သိရသည်။


အောင်ပြည့်ဖြိုးဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment