ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅,၉၃၈( အရပ်သား ၄,၈၇၈ ဦး နှင့် အစိုးရဝန်ထမ်း ၁,၀၆၀ ဦး) ကျော် ထိခိုက်သေဆုံးခဲ့ရကြောင်း နိုင်ငံတကာသံတမန်များအား စတုတ္ထအကြိမ်မြောက် ရှင်းလင်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅,၉၃၈( အရပ်သား ၄,၈၇၈ ဦး နှင့် အစိုးရဝန်ထမ်း ၁,၀၆၀ ဦး) ကျော် ထိခိုက်သေဆုံးခဲ့ရကြောင်း နိုင်ငံတကာသံတမန်များအား စတုတ္ထအကြိမ်မြောက် ရှင်းလင်းပြောကြား







MNP ၊ ဇူလိုင် ၇

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံ၏ လက်ရှိ ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့ အခြေစိုက် သံတမန်များနှင့် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တို့အား  ယမန်နေ့က တွေ့ဆုံး ရှင်းလင်းပြောကြားရာ ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅,၉၃၈( အရပ်သား ၄,၈၇၈ ဦး နှင့် အစိုးရဝန်ထမ်း ၁,၀၆၀ ဦး) ကျော် ထိခိုက်သေဆုံးခဲ့ရကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ပြန်ကြားရေးဝန်ကြီး ဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများပါဝင်တက်ရောက်ခဲ့ပြီး၊ ရန်ကုန်မြို့ရှိ သံရုံးများမှ သံအမတ်ကြီးများ၊ အဆင့်မြင့်သံတမန်များနှင့် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်တို့ ပါဝင်တက် ရောက်ခဲ့ကြသည်။ 

ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာအစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအပါအဝင်ဒီမိုကရေစီဖော်ဆောင်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ကပ်ရောဂါ၊ ရွေးကောက်ပွဲမသမာမှုနှင့်ဆက်စပ်သည့် မတည်ငြိမ်မှုများ၊ ဆိုင်ကလုန်း မုန်တိုင်းမိုခါကဲ့သို့သော သဘာဝဘေးအန္တရာယ်နှင့် ပထဝီဝင်နိုင်ငံရေးအရ သက်ရောက်မှုများနှင့် သတင်းမီဒီယာစစ်ပွဲဆိုင်ရာ စိန်ခေါ်မှုများကိုရင်ဆိုင်နေရသော်လည်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခြင်း၊ငြိမ်းချမ်း၍ အများပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဉ် ဖော်ဆောင်ခြင်းတို့ဖြင့် ကြိုးပမ်းလျက်ရှိသည်ကို ပြည်ထောင်စုဝန်ကြီးမှရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင်အာဆီယံတူညီဆန္ဒ(၅)ချက်ဖော်ဆောင်ရာတွင် အရေးကြီးဆုံးအချက်များဖြစ်သည့်အကြမ်း ဖက်မှုများရပ်တန့်ရေး၊ အားလုံးပါဝင်သည့် ဆွေးနွေးပွဲများ ကျင်းပရေးနှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာကူညီထောက်ပံ့မှုများ ပေးအပ်ရေးတို့ကိုလည်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ် (၅၀၀၀) ကျော် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲမှုစတင်ခဲ့သည်မှာ (၃၃)နှစ်တိုင်ရှိပြီး အပြီးသတ်ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရအဆက် ဆက်မှကြိုးပမ်းအားထုတ်ခဲ့ကြောင်းတို့ကိုအသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။  ပြည်ထောင်စုဝန်ကြီးက တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ စတင်တိုက်ခိုက်မှုမပြုခြင်း၊ ပြည်သူများအားအကာအကွယ်ပေးရန် ထိန်းထိန်းသိမ်းသိမ်းနှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဂျီနီဗာကွန်ဗင်းရှင်းပါ စည်းမျဉ်းများနှင့် အညီဆောင်ရွက်ခဲ့သည်များကိုလည်း အသိပေးပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက PDF အကြမ်းဖက်များ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅,၉၃၈( အရပ်သား ၄,၈၇၈ ဦး နှင့် အစိုးရဝန်ထမ်း ၁,၀၆၀ ဦး) ကျော် ထိခိုက်သေဆုံးခဲ့ခြင်း၊PDF  များ၏ အဖျက်အမှောင့်လုပ်ငန်းများကျူးလွန်မှုများ၊ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်များအား အဟန့်အတားဖြစ်အောင် လုပ်ဆောင်နေမှုများ၊ ၎င်းတို့၏ ဥပဒေပြင်ပလုပ်ရပ်များမှ ပြည်သူများအား ကာကွယ်ရန် အစိုးရအနေဖြင့် PDF အကြမ်းဖက်သမားများကို တုန့်ပြန်ဆောင်ရွက် ရခြင်းဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းများအကြား ငြိမ်းချမ်းရေးနှင့်သဟဇာတရှိစေရေး ကြိုးပမ်းဆောင်ရွက်မှုများ၊၂၀၁၇နှင့် ၂၀၁၈ခုနှစ်များတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြားချုပ်ဆိုထားသည့် သဘောတူစာချုပ်အကောင်အထည်ဖော် ဆောင်မှုအခြေအနေများနှင့် နိုင်ငံသားစိစစ်ပြီးသည့် နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို ဆောလျင်စွာ စတင်နိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြား ခဲ့သည်။

ထို့ပြင်မိုခါဆိုင်ကလုန်းဘေးဒဏ်ထိခိုက်ခံစားခဲ့ရသည့်ဒေသများနှင့်ပြည်သူများအားကူညီကယ်ဆယ်မှုများနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက် မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် အမေးအဖြေကဏ္ဍတွင် တက်ရောက်လာသည့် သံတမန်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး၊ တာဝန်ရှိသူများက ရှင်းလင်းပြောကြားမှုအပြီး တက်ရောက်သူများမှ ခင်းကျင်း ပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ အချက်အလက်များကို ကြည့်ရှုကြကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ဆောင်ရွက်နေသည့် ကာလအတွင်း မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ သံတမန်များအား နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် တစ်ကြိမ်၊ ရန်ကုန်မြို့တွင် နှစ်ကြိမ် ရှင်းလင်းပြောဆိုခဲ့ပြီး ယခုအခါ စတုတ္ထအကြိမ်မြောက် ထပ်မံရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)