MNP ၊ ဇူလိုင် ၂၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် မိုးစပါးမျိုးစေ့ထုတ်နှင့် အထွက်နှုန်းတိုးတက်ရေး စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်တွင် ရဟိုင်ကွင်းကျေးရွာနေ ဦးမြင့်ထွန်းပိုင်ဆိုင်သည့် လယ်(၅) ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မိုးစပါးမျိုးစေ့ထုတ်များအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း၊ ကောက်စိုက်သမများဖြင့် စိုက်ပျိုးပြသခြင်း၊ လယ်ထွန်စက်ဖြင့် ထွန်ယက်ပြသခြင်း၊ ထွန်စက်ကြီးဖြင့်ထွန်ယက်ပြသခြင်း၊ အီးအမ်ဘိုကာရှီသဘာ၀မြေသြဇာ ထည့်သွင်းမှုပြသခြင်းတို့ကို ပြသဆောင်ရွက်ရာ ခရိုင်စီမံစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် တာဝန်ရှိသူများနှင့် တောင်သူ(၃၀)ဦးတို့က ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်က တောင်သူများနှင့် တွေ့ဆုံကာ မိုးစပါးမျိုးစေ့ထုတ်များအား ဧက(၁၀၀) တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး၊ သတ်မှတ်အထွက်နှုန်း လျာထားချက် ပြည့်မီအောင်ထွက်ရှိရေးအတွက် တောင်သူများအား အသိပညာပေး မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ သံတွဲ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအောင်မိုးမြင့်နှင့် ခရိုင် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်ထွန်းလင်းနှင့် မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည် ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment