MNP ၊ ဇူလိုင် ၂၇
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် ကျင်းပပြုလုပ်သည့် MTUBE Streaming လွှင့်တင်နည်းသင်တန်းကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာကြည်က MTUBE Streaming လွှင့်တင်နည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သံတွဲခရိုင်ရုံးမှ ဓာတ်ပုံကျွမ်းကျင်-၂ (အင်အားပြ) ဦးနေမျိုးအောင်က သင်တန်းကိုဆက်လက်ပို့ချခဲ့ရာ သံတွဲခရိုင်ရုံးဝန်ထမ်း ၇ ဦးနှင့် ငပလီမြို့ရုံးမှ ဝန်ထမ်း ၃ ဦး စုစုပေါင်း(၁၀)ဦးတက်ရောက်ခဲ့သည်။
အဆိုပါသင်တန်းတွင် MTUBE Streaming Software သို့ဝင်ရောက်နည်း ၊ MTUBE လွှင့်တင်နည်း၊ Title ရေးထိုးနည်းနှင့် Ancoder တင်နည်းများကို အသေးစိတ်ရှင်းလင်း သင်ကြားပေးခဲ့သည်။
သန့်ဇင်
https://t.me/MyanmarNationalPost



No comments:
Post a Comment