ရွှေတောင်မြို့နယ်တွင်ပလပ်စတစ်ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေးအတွက် (Campaign) လှုံ့ဆော်မှုများတိုးမြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင်ပလပ်စတစ်ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေးအတွက် (Campaign) လှုံ့ဆော်မှုများတိုးမြှင့်ဆောင်ရွက်




MNP ၊ ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင်ပလပ်စတစ်ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေးအတွက် (Campaign) လှုံ့ဆော်မှုများကို ရက်သတ္တတစ်ပတ်လျှင် ( သောကြာ၊စနေ၊တနင်္ဂနွေ) နေ့တို့တွင် ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ဇော်၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက စည်ပင်သာယာ‌ေရးအဖွဲ့ပိုင်စျေးများတွင် ကြွပ်ကြွပ်အိတ် သုံးစွဲမှာလျော့ချ ရေး (Campaign) လှုံ့ဆော်မှု ပြုလုပ်သည့်စျေးဖွင့်ရက်များတွင် စျေးရောင်းချသူစျေးသည်များနှင့် ဝယ်ယူသူပြည်သူများအနေဖြင့်ကြွပ်ကြွပ်အိတ်အသုံးပြုခြင်းကိုလုံးဝမပြုလုပ်ရန်၊ကြွပ်ကြွပ်အိတ်အစား စက္ကူအိတ်၊ငှက်ပျောရွက်၊အင်ဖက်အစရှိသော အစားထိုးပစ္စည်းများကိုအသုံးပြုရန်နှင့်ရက်သတ္တတစ်ပတ် သက်မှတ်ရက်များတွင်းရောင်းချသူစျေးသည်များနှင့် ဝယ်ယူသူပြည်သူများအားကြွပ်ကြွပ်အိတ် သုံးစွဲမှု လျော့ချရေး(Campaign) လှုံ့ဆော်မှုကိုအသံချဲ့စက်များဖြင့် အသိပညာပေး လှည့်လည်ကြေညာပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)