ရွှေတောင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ခေါင်းလျှော်ရည်၊ ဆပ်ပြာချက်ပြုလုပ်နည်းသင်တန်း ၂ / ၂၀၂၃ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ခေါင်းလျှော်ရည်၊ ဆပ်ပြာချက်ပြုလုပ်နည်းသင်တန်း ၂ / ၂၀၂၃ဖွင့်ပွဲအခမ်းအနားကျင်းပ





MNP ၊ ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းကျေးရွာအုပ်စု၊သဲခုံကျေးရွ၊ာ ရွာဦးဓမ္မာရုံတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှအသက်မွေးဝမ်းကျောင်းအထောက်အကူပြု ခေါင်းလျှော်ရည်၊ ဆပ်ပြာချက်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။


အခမ်းအနားတွင် ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးအောင်ရဲထိုက်တို့ကအဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးသူက သင်တန်းများဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ထပ်ဆင့် ရှင်းလင်းပြောကြားသည်။ဆက်လက်၍ ရွှေတောင်မြို့နယ် အသေးစားစက်မှုလက်မှုဦးစီးဌာန ယက္ကန်းနှင့်အသက်မွေးဝမ်းကျောင်းသင်တန်းဆရာမက သင်တန်း ပို့ချမည့် အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ သင်တန်း သို့ သင်တန်းသား သင်တန်း သူ ( ၂၅) ဦးတက်ရောက်၍ သင်တန်းကာလ( ၅ ) ရက်တာစာတွေ့လက်တွေ့ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)