သီးနှံမျိုးစုံး(၇၁၃)ဧက စိုက်ပျိုးရေများပေးဝေနေသည့် စော်ဘွား(က)မြောင်း ရေရှည်ကြံ့ခိုင်ရေးပေတိုင် (၀+၆၃၀)ရှိ CDC တစ်ခုအားပြန်လည်ပြုပြင်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီးနှံမျိုးစုံး(၇၁၃)ဧက စိုက်ပျိုးရေများပေးဝေနေသည့် စော်ဘွား(က)မြောင်း ရေရှည်ကြံ့ခိုင်ရေးပေတိုင် (၀+၆၃၀)ရှိ CDC တစ်ခုအားပြန်လည်ပြုပြင်ပေး




MNP ၊ ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများအတွက် စိုက်ပျိုးရေများပြည့်ဝစွာပေးဝေနိုင်ရေး ဘဏ္ဍာနှစ်အလိုက် ရေပြွန်များ၊ မြောင်းနံရံများ၊ ရေကျအဆောက်အအုံများနှင့် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ(၇၁၃)ဧက စိုက်ပျိုးရေများပေးဝေနေသည့် စော်ဘွား (က)မြောင်း ရေရှည်ကြံ့ခိုင်ရေး ပေတိုင်(၀+၆၃၀)ရှိ CDC တစ်ခုအားပြန်လည်ပြုပြင် ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ CDC သည် မြောင်းဦးကျေးရွာအနီး  စော်ဘွား(က)မြောင်း၏ မြောင်းအမှတ် အာဒီ (၀+၆၃၀) တွင်တည်ရှိပြီး မြောင်းရေရှည်ကြံ့ခိုင်ရေးနှင့် စိုက်ပျိုးရေများပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှု နည်းပါးစေရေး ပျက်စီးနေသည့် CDC ၏ အပေါ်ဘက် ရေပေးတူးမြောင်းအတွင်း အထက်ပိုင်းနှင့်အောက်ပိုင်း မြေကာနံရံများကျောက်သားစီခြင်းနှင့် ကျောက်သားမြေများပြန်လည်ဖို့ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၁၈.၇၅၀) ကျပ်သန်းအကုန်အကျခံကာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူ၍သတ်မှတ်စံညွှန်းများနှင့်အညီ သတ်မှတ်ချိန်အတွင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


စော်ဘွား(က)မြောင်းမှ CDC အား ပြန်လည်ပြုပြင်ပေးခြင်းကြောင့် မြောင်းရေရှည်ကြံ့ခိုင်ပြီးမြောင်းရေ သောက်ဒေသခံတောင်သူများ၏ သီးနှံမျိုးစုံ(၇၁၃)ဧကအတွက် ရေများပေးဝေရာတွင်အလေအလွင့် ဆုံးရှုံးမှုနည်းပါးစွာ သီးနှံများအောင်မြင်သည်အထိ လိုအပ်သည့်ရေပမာဏပြည်ဝစွာ ပေးဝေနိုင်ပြီး တောင်သူ များ၏ လူမှုစီးပွားဘဝများပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)