အာဆီယံ-တရုတ်စင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun , အဖွဲ့ဝင်များနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံ-တရုတ်စင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun , အဖွဲ့ဝင်များနှင့်တွေ့ဆုံ


MNP ၊ ဇူလိုင် ၂၁

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် အာဆီယံ-တရုတ်စင်တာ (ASEAN China Centre – ACC)၏ အထွေထွေ အတွင်းရေးမှူချုပ် H.E. Mr. Shi Zhongjun ဦးဆောင်သည့် အဖွဲ့ဝင်(၄)ဦးတို့သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်  တာဝန်ရှိသူများထံ လာရောက်တွေ့ဆုံခဲ့သည်။


H.E. Mr. Shi Zhongjun သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့် မီဒီယာစသည့် ကဏ္ဍကြီးများတွင် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် အမြင်ချင်းဖလှယ်ရန်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်တို့အတွက် အလည်အပတ် သွားရောက်လျက်ရှိပြီး မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း အသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ လာရောက်တွေ့ဆုံခြင်းလည်း ဖြစ်သည်။


ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအမြစ်ကောင်းများ အဖြစ် တည်ရှိနေခဲ့ပြီး ယနေ့တွေ့ဆုံမှုသည် အကျိုးရှိသည့်တွေ့ဆုံမှုဖြစ်မည်ဟု ယုံကြည် ပါကြောင်း၊ ပြီးခဲ့သည့် ရက်များအတွင်းကလည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ စီးပွားရေး အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများလည်းရှိခဲ့ပြီး လက်ရှိစီးပွားရေးအခင်း အကျင်း အပေါ် စီးပွားရေးအမြင်များ ဖလှယ်ခြင်း၊ စီးပွာရေးကဏ္ဍရှိ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ ဖော်ထုတ် ဆွေးနွေးခဲ့ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြု၍ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရန် နိုင်ငံတကာရှိ စီးပွားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိပါကြောင်း၊ 20th China-ASEAN (CAEXPO) 2023 တွင်လည်း မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ အသင်းချုပ်အနေဖြင့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအပါအဝင် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။


အာဆီယံ-တရုတ်စင်တာ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun က အာဆီယံ-တရုတ်စင်တာအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် အမြင်ချင်းဖလှယ်၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ရေရှည်ဖွံ့ဖြိုတိုးတက်မှုအတွက် စီးပွားရေးဖိုရမ်များ ကျင်းပ၍ နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်သွားရန်စီစဉ်လျက်ရှိပါကြောင်း၊ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။


နှစ်ဖက်တက်ရောက်လာသူများမှ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍမြှင့်တင်နိုင်ရေး၊ ဒေသတွင်း Supply-Chain ကဏ္ဍ အားကောင်းလာစေရေး၊ လယ်ယာစီးပွာရေးကဏ္ဍ၊ အထည်ချုပ်ကဏ္ဍ၊ Electronic Vehicles (EV) လုပ်ငန်းကဏ္ဍ တိုးမြှင့်ရေးနှင့် စီးပွားရေးဖိုရမ်များ ကျင်းပနိုင်ရေး စသည်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


အစည်းအဝေးသို့ အသင်းချုပ်ဖက်မှဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမျိုးသန့်၊ ဘဏ္ဍာရေးမှူး ဦးလှဦး၊ အမှုဆောင် အရာရှိချုပ် ဒေါက်တာဇော်ဌေးနှင့် IR Advisor ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကျော်ဆန်းမြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)