ရခိုင်ပြည်နယ်၌ ကာကွယ်ဆေးများထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန် Cold Chain Key Person (CCKP) and Vaccine Logistic Management Information System (vLMIS) သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်၌ ကာကွယ်ဆေးများထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန် Cold Chain Key Person (CCKP) and Vaccine Logistic Management Information System (vLMIS) သင်တန်းဖွင့်လှစ်





MNP ၊ ဇူလိုင် ၁၇

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အအေးလမ်းကြောင်းတာဝန်ခံများအတွက်ကာကွယ်ဆေးများ ထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန် Cold Chain Key Person (CCKP) and Vaccine Logistic Management Information System (vLMIS)  သင်တန်း ယမန်နေ့နံနက် စစ်တွေမြို့၊ SS Food Cneter ခန်းမ၌ ပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားသည်။ အအေးလမ်း‌ကြောင်းတာဝန်ခံများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတာဝန်ခံများကို ကာကွယ်ဆေးများကို ထိရောက်စွာစီမံခန့်ခွဲနိုင်စေရန် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့် ကာကွယ်ဆေးများကို အအေးလမ်းကြောင်းမပျက်စေဘဲ ကလေးငယ်များကို အရည် အသွေးပြည့်ဝသော ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။


သင်တန်းသို့ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ အအေးလမ်း‌ကြောင်းတာဝန်ခံများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတာဝန်ခံများ စုစုပေါင်း (၄၇) ဦး တက်ရောက်ကြပြီး စာတွေ့လက်တွေ့သုံးရက်ကြာဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲသို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်အသီးသီးမှ အအေးလမ်း‌ကြောင်းတာဝန်ခံများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတာဝန်ခံများ ကုလသမ္မဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)