ရွှေဘိုခရိုင်ရုံး (Community Center) ခန်းမတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ဟောပြောပွဲ၊ နှင့်နံရံကပ်စာစောင်ပြပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုခရိုင်ရုံး (Community Center) ခန်းမတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ဟောပြောပွဲ၊ နှင့်နံရံကပ်စာစောင်ပြပွဲများပြုလုပ်






MNP ၊ ဇူလိုင် ၁၈

(၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျောင်းသား/သူများအနေဖြင့် အာဇာနည်နေ့သမိုင်း​ကြောင်းများ၊ နေ့ထူးနေ့မြတ်များအကြောင်းကို သိရှိစေရန်ရည်ရွယ်၍ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ယနေ့မွန်းလွဲပိုင်းအချိန်က စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်​ထောက်ညွှန်ကြား​ရေးမှူး ဒေါ်​အေးမြမွန်က ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များ၊ ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို​ပြောကြားခဲ့ပြီး ပြိုင်ပွဲကျင်းပခဲ့သည်။


ထို့​နောက် ဦးစီးအရာရှိ​ဒေါ်​အေးမြင့်စန်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အာဇာနည် (၉)ဦးအကြောင်း၊ နေ့ထူးနေ့မြတ်များအကြောင်းကို ဆွေး​နွေးဟောပြောခဲ့ပြီး နံရံကပ်စာစောင်များ ပြသထားရာ ​ကျောင်းသား/သူ​လေးများမှ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓါတ်ပုံများ၊ မိန့်ခွန်းကောက်နှုတ်ချက်များနှင့် အာဇာနည် (၉) ဦး၏ အတ္ထုပ္ပတ္တိ၊ ကဗျာများ၊ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)