MNP ၊ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ကျေးလက်ဒေသများနှင့် အနီးအနား ပတ်ဝန်းကျင်တစ်ဝိုက်ကျေးရွာများမှရာသီပေါ်သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အသီးအရွက်များ ရှာဖွေခူးဆွတ်ရောင်းချ လုပ်ကိုင်စားသောက်နေသည့်ပြည်သူများ ရာသီပေါ်သြဇာသီး ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း ဟိုလွိုင်ကျေးရွာအုပ်စု ကုန်းလင်မုတ်ကျေးရွာမှ သြဇာသီး ရှာဖွေခူးဆွတ်ရောင်းချသူများထံမှ သိရသည်။
မောက်မယ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ သစ်ဥ၊ သစ်ဖု ရှာဖွေခူးဆွတ်ရောင်း ချသူများသည် ဘိုးစဉ်ဘောင်ဆက် အိမ်ခြံတွင်းကိုအမှီပြု၍ တစ်နှစ်မှာတစ်ကြိမ်ဆွတ်ခူးရောင်းချ လို့ရသည့် ရာသီပေါ်သီးနှံ အမျိုးမျိုးကို ရှာဖွေတူးဖော် ဆွတ်ခူးရောင်းချနေသည့်ကျေးရွာများဖြစ်ကြရာ မျှစ်၊ စားမှိုအမျိုးမျိုး၊ ညောင်ချဉ်ဖူး၊ မန်ကျည်းရွက်၊ သနပ်ဖူး၊ ဒန့်သလွန်သီး၊ သြဇာသီးပေါ်ချိန်များ တွင် ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ ရရှိကြောင်း၊ မောက်မယ်မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စုရှိ ကုန်းလင်မုတ်ကျေးရွာတွင် သြဇာပင်များကို အိမ်ခြံစည်းရိုး၊ တောင်ယာခြံစည်းရိုးများအတိုင်း အိမ်တိုင်းလိုလိုစိုက်ပျိုးထားရှိပြီး ရာသီပေါ်ချိန် သြဇာသီးများ ခူးယူ၍ သြဇာသီးအကြီး ၂ လုံး၊ အသေး ၃ လုံး လျင် ၅၀၀ ကျပ်ဖြင့် မြို့နယ်စည်ပင်သာယာစျေး ၅ ရက်တစ်စျေးသို့လည်းကောင်း ရပ်ကွက်အတွင်း လှည့်လည်ရောင်းချခြင်းဖြင့် နှစ်စဉ်မိသားစု အပိုဝင်ငွေရရှိနေ ကြကြောင်း သြဇာသီးရောင်းချသူ ဒေါ်နန်းပိန်းက ပြောပြ၍ သိရသည်။
စိုင်းမျိုးသန့်
https://t.me/MyanmarNationalPost
No comments:
Post a Comment