ဖားကန့်မြို့နယ် အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ကာကွယ်ဆေး စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖားကန့်မြို့နယ် အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ကာကွယ်ဆေး စတင်ထိုးနှံပေး


MNP ၊ ဇူလိုင် ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် အသက် (၅)နှစ်ပြည့် KG တန်း ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ကိုဗစ် ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ဖားကန့်မြို့နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ အသက် (၅)နှစ် ပြည့် KG တန်း ကျောင်းသား၊ ကျောင်းသူများ စုစု‌ပေါင်း (၁၀၅၅)ဦးကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကျောင်းများသို့ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထို့အတူ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဖားကန့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော (၅)နှစ်မှ (၁၂)အထိ မူလတန်း အဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး ကျောင်းသား၊ ကျောင်းသူ (၇၀၈၂)ဦး၊ အသက် (၁၂)နှစ်မှ (၁၈)နှစ်အထိ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ (၁၈၉၆)ဦးနှင့် အလယ်တန်း၊ အထက်တန်း Boster ထိုးနှံပြီးသူ (၂၁၈၇)ဦး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၁၆၅)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)