MNP ၊ ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက စာအုပ်စာပေဝါသနာရှင်များ၊စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဌ ဒေါ်ခင်ယုနိုင် စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင်)က စာဖတ်သူဦးရ တိုးပွား စေေရး၊ စာမဖတ်သူ ပ ပေျာက် ရေး ၊မျိုးဆက်သစ်စာပေဝါသနာရှင်များ ပေါ် ပေါက်လာေစရန်ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က လစဥ်မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာဖတ်စာရေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ၊ စာပေဝါသနာရှင်များ အချင်းချင်းချစ်ခင် ရင်းနှီးမှုများ တိုးပွားလာစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထပ်ဆင့် ရှင်းလင်း ပြောကြားခဲ့သည် ။
ထို့နောက် စာရေးဆရာကြီး မောင်ခင်မင် (ဓနုဖြူ)ရေးသားသော " အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ " စာအုပ်ဖြင့် မုဒိတာ စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ " မဖြေ နိုင်လျှင်မအောင်ချင်နှင့် " ခေါင်းစဉ်ဖြင့် သိမှတ်ဖွယ်ရာဗဟုသုတများ၊ရသတို့ကို ဆရာကြီး ဦးမြင့်ဦး မိတ္တ -ရွှေတောင်က လည်းကောင်း၊ " ဝတ္ထုမဖတ်တာ ရှက်စရာ" ခေါင်းစဉ်ဖြင့် ဆရာကြီး ဦး ကြည်ညွန့် (အောင်ပြည့်စုံ)က လည်းကောင်း၊ " လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်သည့် အကြောင်းအရာများ "ဆိုသော အကြောင်းအရာကို ဆရာမကြီး ဒေါ်မြတ်နွယ် April Moon တို့က ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေချစ်သူ များကအပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့်တက်ရောက်လာသူ များအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် မျိုးဆက်သစ်စာရေးဆရာများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment