သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ဝါဆိုလအကြောင်း သိကောင်းစရာ အသိပညာပေး Talk Showဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ဝါဆိုလအကြောင်း သိကောင်းစရာ အသိပညာပေး Talk Showဆောင်ရွက်


MNP ၊ ဇူလိုင် ၁၃

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre )၌ ယမန်နေ့ နံနက် ၁၂ နာရီက ပြန်ကြားရေးနှင့်ပြည််သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ပူးပေါင်း ၍ ဝါဆိုလအကြောင်း သိကောင်းစရာ အသိပညာပေး  Talk Show ကို ပြုလုပ်ခဲ့သည်။


အဆိုပါ Talk Show တွင် သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန္ဒာကြည်နှင့်Book Club အဖွဲ့ဝင် ဝေဒပညာရှင် ဦးခင်မောင်နိုင် တို့က ဝါဆိုလ အကြောင်း သိကောင်းစရာများ၊ ဝါဆိုလနှင့်ဗုဒ္ဓသာသနာဆိုင်ရာများ၊ ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ ၊ ၁၂လရာသီပွဲတော်ကျင်းပမှုဆိုင်ရာများ၊ ဝါဆို၊ဝါထပ်ခြင်းအကြောင်း သိကောင်းစရာများကို  အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြသည်။


ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးသည် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေး ဟောပြောပွဲများနှင့် ဆွေးနွေးပွဲ ၊ လူငယ်စကားဝိုင်းများနှင့်သင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိပါသည်။


သန့်ဇင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)