မာန်အောင်မြို့နယ်၌တောင်သူများအားဟင်းသီးဟင်းရွက်မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲသို့ဗိုလ်မှူးချုပ်ကျော်ကျော်ဦးတက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌တောင်သူများအားဟင်းသီးဟင်းရွက်မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲသို့ဗိုလ်မှူးချုပ်ကျော်ကျော်ဦးတက်ရောက်အမှာစကားပြောကြား






MNP ၊ ဇူလိုင် ၁၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါ ဟင်းသီးဟင်းရွက်မျိုး စေ့ ထောက်ပံ့ပေးအပ်ပွဲ၌ မာန်အောင်မြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးကအမှာစကားပြောကြားရာတွင်မေလအတွင်းမြန်မာနိုင်ငံအတွင်းသို့မိုခါမုန်တိုင်းဝင်ရောက်၍ဟင်းသီး၊ဟင်းရွက်စိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုရှိသည့်အတွက်အမြန်ဆုံး ပြန်လည်အစားထိုးနိုင်ရန်နိုင်ငံတော်မှသက်ဆိုင်ရာဝန်ကြီးဌာန

အား လမ်းညွှန်ခဲ့သည့်အတွက်မျိုးစေ့ ထောက်ပံ့ရခြင်းဖြစ်ကြောင်း၊မြို့နယ်တွင်းတစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မီးဖိုချောင်သုံး စရိတ်သက်သာစေပြီး ကိုယ်တိုင်စိုက်ပျိုးထားသည့်အတွက် ဓါတုကင်းလွတ်သီးနှံဖြစ်သဖြင့် အစား

အစားများ ဘေးအန္တရာယ်ကင်းရှင်းမှာ ဖြစ်ကြောင်း၊တောင်သူများအနေဖြင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို အလေအလွင့်မရှိအောင် စနစ်တကျ စိုက်ပျိုးကြပြီး မြို့နယ်စားနပ်ရိက္ခာဖုံလုံစေရန်အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

    ထိုနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးထွန်းစောမှ ဟင်းသီး ဟင်းရွက်မျိုးစေ့ပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး  ဗိုလ်မှူးချုပ်ကျော်ကျော်ဦး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကတက်ရောက်လာသူ ကျေးရွာအုပ်စု(၅)အုပ်စုမှ တောင်သူများအား မျိုးစေ့ အမယ်ပေါင်း(၂၈)မျိုး၊စုစုပေါင်း မျိုးစေ့ထုပ်(၁၇၅၈)ထုပ် အားပေးအပ်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)