MNP ၊ ဇူလိုင် ၁၃
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန် စံနှုန်း အကြောင်း အသိပညာပေး ( Talk Show ) ပြုလုပ်ကျင်းပခြင်းကို ယနေ့ နေ့လယ် ( ၁ )နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင်က ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန် စံနှုန်း မြင့်တင်ဖို့အတွက်ကဏ္ဍစုံမှ အဖွဲ့ဝင်များ စုပေါင်းထားတဲ့ မဟာမိတ်အဖွဲ့တစ်ခုဖွဲ့ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ပိုမိုကောင်းမွန်တဲ့စိုက်ပျိုးထုတ်လုပ်မှု၊ပိုမိုဘေးကင်းလုံခြုံတဲ့ထုတ်လုပ်မှု၊ပတ်ဝန်းကျင်ကိုပျက်စီးစေမှု လျော့ကျစေခြင်း၊ဆန်အရည်အသွေး ပိုမိုကောင်းမွန်စေခြင်းကြောင့် ဈေးကွက်ချိတ်ဆက်နိုင်မှုနှင့်တန်ဖိုးမြင့်တက်လာခြင်း စသည့်အပြင် စိုက်ခင်းစီမံခန့်ခွဲမှု၊ ရာသီအကြိုပြင်ဆင်မှု၊ရေအသုံးချမှု၊အပင်အဟာရစီမံခန့်ခွဲမှု၊ဘက်စုံဖျက်ပိုးများနှိမ်နင်းခြင်း၊ရိတ်သိမ်းခြင်းနှင့်ရိတ်သိမ်းချိန်လွန်မှု၊ကျန်းမာရေးနှင့်ဘေးကင်းလုံခြံမှု၊အလုပ်သမားအခွင့်အရေး တွင်ကလေးငယ်များအား မခိုင်းစေရန်စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။
ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment